ရန်ကုန်မြို့တွင်း ဆောင်ရွက် ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ကိုဇေယျာသော်နဲ့ ကိုဂျင်မီတို့အတွက် ပဏာမသတိပေးဖောက်ခွဲမှုအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ NITRIC အဖွဲ့က ထုတ်ပြန်လာပါတယ်။
ဒီနေ့ မနက်ဦးပိုင်းအချိန်ကစပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို မသိရခဲ့ပေမယ့် ယခုညဦးပိုင်းမှာတော့ အဲ့ဒီပေါက်ကွဲမှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ NITRIC အဖွဲ့ကဆိုပါတယ်။
အဓိကအားဖြင့် ပြည်သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက် တရားသောစစ်ကို ဆင်နွှဲခဲ့ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုမောင်ကျော်(ခ) ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုတို့နဲ့တကွ အားလုံးသော ရဲဘော်ရဲဘက်တွေ အပေါ် စစ်ကောင်စီဩဇာခံ မတရားရုံးတွေက မတရားအမိန့်ပြစ်ဒဏ်ချမှတ်တာ၊အကျဉ်းထောင်တွေထဲမှာ မတရားဖိနှိပ် နှိပ်ကွပ်နေတာတွေအတွက်ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဓမ္မဘက်တော်သား ရဲဘော်တွေအပေါ် မတရားစီရင်မှုတွေမှာ ပါဝင် ကျူးလွန်ပတ်သက်နေသူတွေကို စစ်ရေးအရ ပြင်းထန်စွာ ထိထိရောက်ရောက် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း သတိပေးလိုက်ပါတယ်။
#thenationvoicemyanmar
#NITRIC
#ကိုဇေယျာသော်
#ကိုဂျင်မီ