ထရမ့်ထောက်ခံသူတွေက အမေရိကန်ရွေးကောက်ပွဲဝန်ထမ်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်မဲရှုံးတာကို ပယ်ဖျက်ဖို့ငြင်းဆိုခဲ့ပြီးနောက် ထရမ့်ကိုထောက်ခံသူတွေက ရွေးကောက်ပွဲအရာရှိတွေနဲ့ မိသားစုတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ ကွန်ဂရက်လွှတ်တော်ကော်မတီကြားနာမှုမှာ ပြောပါတယ်။

ဒီနေ့အထိ ထိပါးနှောင့်ယှက်မှုတွေရှိနေတယ်လို့ အရီဇိုးနားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရက်စတီ ဘောင်ဝါက ပြီးခဲ့တဲ့နှစ်၊အမေရိကန်လွှတ်တော်ရုံးဝင်ရောက်စီးနင်းခံရမှုကို စုံစမ်းစစ်ဆေးနေတဲ့ကော်မတီကို ပြောပါတယ်။

သမ္မတဟောင်း ဒေါ်နယ် ထရမ့်က သူ့ကို သီးသန့်ပစ်မှတ်ထားခဲ့ပြီးနောက် အိမ်ပြင်ထွက်ဖို့ကြောက်ခဲ့တယ်လို့ ဂျော်ဂျီယာပြည်နယ်က မဲရေတွက်တဲ့ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

ထရမ့်က အာဏာသိမ်းဖို့ကြိုးစားခဲ့တယ်လို့ အောက်လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီက စွပ်စွဲထားပါတယ်။

ဒီမိုကရက် ဂျိုး ဘိုင်ဒန် ရွေးကောက်ပွဲမှာအနိုင်ရတယ်လို့ လွှတ်တော်အမတ်တွေကအတည်ပြုခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ကွန်ဂရက်လွှတ်တော်အဆောက်အအုံကို ထရမ့်ထောက်ခံသူတွေ ဝင်စီးနင်းခဲ့တဲ့ဖြစ်စဉ်ကို ကော်မတီက စုံစမ်းစစ်ဆေးနေတာ ၁ နှစ်နီးပါးကြာနေပါပြီ။

Source – BBC

#thenationvoicemyanmar

#internationalnews

#နိုင်ငံတကာသတင်း #အမေရိကန်

#ရွေးကောက်ပွဲ #လွှတ်တော် #ထရမ့်