
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ထားဝယ်ခရိုင် တောတွင်းတစ်နေရာမှာ မွေးနေ့ဆုတောင်းပွဲကျင်းပတာကို ထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဦးရဲ့ရဲဘော်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၇၇)နှစ်မြောက်မွေးနေ့မှာ အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးထားကြတာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက ဆွဲချက်တင်ထားတဲ့ အမှုပေါင်း (၁၉) မှုနဲ့ တရားရင်ဆိုင်နေရပြီး အမှု (၆) ခုအတွက် ထောင်ဒဏ် (၁၁) နှစ်ကျော် ချမှတ်ခံထားရကာ ကျန်တဲ့အမှု (၁၃) မှုကိုဆက်လက်တရားရင်ဆိုင်နေရပါတယ်။

#thenationvoicemyanmar
#ဒေါ်အောင်ဆန်းစုကြည် #၇၇နှစ်မြောက်မွေးနေ့