စားသောက်ဆိုင်မှာမူးရူးပြီးကဲနေတဲ့စကစနဲ့ပျူတွေ ဗုံး(၂)လုံးပစ်ခံရလို့(၁၅)ယောက်သေ

မုံရွာမြို့နယ်၊အလုံံမြို့က စားသောက်ဆိုင်မှာ အရက်သေစာသောက်စားမူးယစ်နေတဲ့ စကစနဲ့ပျူစောထီးတွေကို မနေ့နေ့လည်က ဗုံး၂လုံးနဲ့ပစ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ Department Of Information-DRPA ကထုတ်ပြန်ပါတယ်။

စစ်သားနဲ့ပျူတွေက စွယ်တော်ဦးစားသောက်ဆိုင်မှာသောက်စားမူးရူးနေတုန်း  ဗုံး၂လုံးနဲ့ပစ်ပြီးတိုက်ခိုက်ခဲ့တာပါ။စကစတပ်သားနဲ့ပျူတွေ(၁၅)ယောက်လောက်သေသွားပြီး (၆)ယောက်လောက်ဒဏ်ရာရသွားတာကို ပြင်ပသတင်းပေးတွေကနေသေချာသိရတယ်လို့ DRPA ကဆိုပါတယ်။

“ဒီကောင်တွေရဲ့စုရပ်လိုဖြစ်နေတာကြာပြီ၊ဒီကောင်တွေတစ်ခါတစ်လေလည်းရှေ့ကလာတဲ့ပြည်သူတွေ
ကိုဟိုလိုင်စင်ဖမ်းဒီလိုင်စင်ဖမ်းပိုက်ဆံရှာတာတွေလည်းလုပ်နေကြ၊အဲ့တာကိုကျွန်တော်တို့ညီနောင်မဟာမိတ်(၃)ဖွဲ့ပေါင်းပြီးသူတို့တွေဆိုင်မှာထိုင်နေတုန်းမိုင်းနဲ့ပစ်ခဲ့တာ၊(၂)လုံးပစ်တာ(၂)လုံးစလုံးသူတို့စားပွဲခုံပေါ်တိုက်ရိုက်ကျပြီးလျှောသွားတယ်(၁၅)ယောက်ကတော့၊ဒီကောင်တွေကိုစောင့်ကြည့်နေတာကြာပြီ ဒီဟာမတိုင်ခင်အဲ့လိုဟိုဟာဖမ်းဒီဟာဖမ်းလုပ်နေကြလေ၊အခုကတော့ဒီကောင်တွေသေချာပေါက်(၁၅)ယောက်ကတော့ကျတယ်၊အဲ့ဒါကတော့ပြင်ပသတင်းပေးကနေပြန်သိရတာ၊နောက်ထပ်(၆)ယောက်လောက်ကတော့ဒဏ်ရာရသွားတယ်”လို့DRPAရဲ့တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

အဲဲဲ့ဒီတိုက်ခိုက်မှုဟာ DRPA ဇီးကွက်စစ်ဆင်ရေးရဲ့ (၄)ကြိမ်မြောက်ဖြစ်ပြီး DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊Monywa Night King,M.A.C.T ထောက်ပို့တပ်တို့ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

#thenationvoicemyanmar
#မုံရွာ #အလုံ