စစ်ကောင်စီ ရဲ့သူနာပြုဗိုလ်ကြီးအဆင့်ရှိသူဟာ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)ထံ မေလ၃၁ရက်နေ့ကဆက်သွယ်ပြီးအလင်း၀င်ခဲ့တယ်လို့ Bawlakhe PDF ကဒီနေ့ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်၊ဘော်လခဲခရိုင်တပ်မတော်ဆေးရုံ အမှတ်(၁၂/၁၅) ကသူနာပြုဗိုလ်ကြီးအဆင့်ရှိသူ ကိုသန့်ဇင်ဆိုသူဖြစ်ပြီး စကစလက်အောက်မှာတာ၀န်မထမ်းဆောင်လိုတာကြောင့် အခုလို CDM ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
BPDF ဟာ CDM ပြုလုပ်လာတဲ့ဗိုလ်ကြီးသန့်ဇင်ကို စိတ်ချရတဲ့လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ကနောက်ထပ် CDM ပြုလုပ်လာမယ့် စကစအရာရှိ၊ရဲဘော်တွေကိုလည်း ကြိုဆိုလက်ခံသွားမယ်လို့ BPDF ကဆိုပါတယ်။
#thenationvoicemyanmar
#BPDF
#သူနာပြုဗိုလ်ကြီး
#CDM