တန့်ဆည် အင်္ကုက္ကားရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာတဲ့ စစ်ကောင်စီကားမိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာမှာရှိတဲ့  ပျူစောထီးခေါင်းဆောင် စိန်ချိုရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်နှင့်ပျူစောထီးတွေ စုစည်းနေချိန် ဇွန်လ (၁၅)ရက် ညနေပိုင်းက ‌ဒေသခံကာကွယ်ရေးတပ်တွေ
ပူးပေါင်းပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ MYANMAR DEFENSE FORCE-Taze(Tiger) က ထုတ်ပြန်ထားပါတယ်။  

တိုက်ပွဲကြာမြင့်ချိန် (၁) နာရီခန့်လောက်မှာ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် တန့်ဆည်ရဲစခန်းက စစ်ကူလာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အများအပြား ထိခိုက်သေဆံးမှုများရှိတယ်လို့ ဆိုပါတယ်။

MDF-Taze Tigerနဲ့ မဟာမိတ်PDFတပ်ဖွဲ့များအထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီဝင်ရောက်တိုက်ခိုက်မှုကို MDF-Taze Tiger၊ ရွှေဘိုခရိုင် PDFတပ်ရင်း(၆)၊ PRA နဲ့ မဟာမိတ် PDFတပ်ရင်း
တို့ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#thenationvoicemyanmar
#တန့်ဆည်