အာဏာသိမ်းပြီး စစ်ကောင်စီကစီစဉ်တဲ့ ပထမဆုံးတက္ကသိုလ်၀င်တန်းစာမေးပွဲရဲ့အောင်စာရင်းကို ဝေဖန်မှုမြင့်တက်နေ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကစီစဉ်တဲ့ ပထမဆုံးသော တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ အောင်စာရင်းထုတ်ပြန်မှုနဲ့ပါတ်သတ်လို့ ဝေဖန်မှုတွေအမြောက်အများထွက်ပေါ် လာခဲ့ပါတယ်။

ကိုဗစ်ကာလအပါအဝင် စစ်တပ်ရဲ့အာဏာသိမ်းမှုတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပြီး ဒီနှစ်မတ်လ ၃၁ ရက်နေ့မှာစစ်ကောင်စီကပထမဆုံးသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုကျင်းပခဲ့ပါတယ်။

စစ်ကောင်စီကဦးစီးပြီးသင်ကြားပေးတဲ့၃လ ပြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ ဒီနေ့ထွက်ရှိတဲ့အောင်စာရင်းမှာ အောင်ချက်၄၆.၈၈ရာခိုင်နှုန်း ရှိပြီး အဲ့ဒီထဲကမှ မွန်ပြည်နယ်ဟာ ၅၇.၂၁ရာခိုင်နှုန်းနဲ့အောင်ချက်အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနောက်မှာတော့ ဧရာဝတီတိုင်းက ဒုတိယအောင်ချက်အများဆုံး လို့စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီကဦးစီးကျင်းပတဲ့၂၀၂၂ခုနစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဝင်ရောက် ‌ဖြေဆိုသူစုစုပေါင်းနှစ်သိန်းရှစ်သောင်းကျော်ရှိပြီး တစ်သိန်း သုံးသောင်းကျော် ဦးအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ချိန်၃လသာရှိပြီးအောင်ချက်ကောင်းလို့ဂုဏ်ထူးရရှိသူများနေတဲ့စကစရဲ့စာမေးပွဲအောင်စာရင်းကိုပြည်သူတွေကဝေဖန်နေကြတာပါ။

“အခုပညာရေးစနစ်ကတော့ဗန်းပြပါပဲဗျာ၊စာမေးပွဲမေးခွန်းလွှာတွေတောင်စစ်ရဲ့လားမသိဘူး၊တော်တော်များများကလဲဂုဏ်ထူးတွေနဲ့အောင်နေတာပဲ၊ခုဟာကမ‌ဖြေနိုင်ခဲ့ဘူးလို့ရိုးရိုးသားသား‌ပြောတဲ့ကောင်တောင်အောင်တော့သူ့ကိုယ်သူတောင်အံ့သြနေတယ်”လို့CDMကျောင်းသားတစ်ဦးကပြောပါတယ်။

NLDလက်ထက်၂၀၁၉-၂၀၂၀ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲကို ၀င်ရောက်ဖြေဆိုသူကတော့ ၉သိန်းကျော်ရှိခဲ့ပါတယ်။ အခုနှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲမှာ ၂၀၂၀-၂၀၂၁ ခုနစ်က CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေလည်း ပြန်လည်ဝင်ရောက်‌ဖြေဆိုသူ‌တွေရှိတယ်တယ်လို့သိရပါတယ်။

#thenationvoicemyanmar

#စာမေးပွဲ #တက္ကသိုလ်ဝင်တန်း