စစ်ကိုင်းတိုင်း၊ကသာမြို့နယ်မှာ မနေ့က ဇွန်လ ၁၇ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုများပြားခဲ့သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထုတ်ပြန်ပါတယ်။
မနေ့က ကသာမြို့နယ်၊အင်းရွာတိုက်နယ်မှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး ကသာမြို့အနီး ကားကြီးကွင်း အနောက်ဘက် ငါးကန်အနီးမှာ ထမင်းစားနေတဲ့ စစ်ကောင်စီတပ်ကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အင်းရွာတိုက်နယ်၊ခြောက်မျက်နာ၊အင်းကြီးလမ်း (၁၇)ကွက်အနီး ထိတွေ့မူတစ်ကြိမ် ၊(၁၄) ကျောက်တောင်အနီးမှာ စစ်ကောင်စီတပ်တွေကို မိုင်း၂လုံးနဲ့ တိုက်ခိုက်တာတစ်ကြိမ်၊ညနေပိုင်းမှာ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာ တစ်ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၂၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ကသာခရိုင်PDFရင်း-(၃)၊ ဒေသခံ ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကသာမြို့အနီး၊ကားကြီးကွင်းအနောက်ဘက်၊ငါးကန်နားမှာ ထမင်းထိုင်စားနေတဲ့ အင်အား ၆၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကိုလည်း ကသာပကဖနဲ့ ABSDF ပူးပေါင်း ပြောက်ကျားတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က (၂၀)ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ ကသာပကဖက ထုတ်ပြန်ပါတယ်။
ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ကားပေါ်တင်ပြီး ဆေးရုံကိုပို့ဆောင်ခဲ့ကြောင်းနဲ့ စစ်ကောင်စီရဲ့ သေဆုံးထိခိုက်စာရင်းကို မြို့တွင်း ပြည်သူတွေက သတင်းပေးပို့လာကြောင်း ဖော်ပြထားပါတယ်။
#thenationvoicemyanmar
#ကသာ #ပကဖ