စကစရဲ့တက္ကသိုလ်ဝင် စာမေးပွဲကျသူတွေနဲ့မဖြေဆိုသူတွေကို စာမေးပွဲထပ်လုပ်ပေးမယ်လို့စကစပြော

စစ်ကောင်စီက ကျင်းပတဲ့အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာကျရှူံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုခဲ့ရသူတွေကိုလာမယ့် ၂၀၂၃မှာနောက်ဆုံးတစ်ကြိမ် စာမေးပွဲထပ်ပြီးကျင်းပပေးဦးမယ်လို့ စကစရဲ့ ပညာရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားတာပါ။

စကစရဲ့၂၀၂၁-၂၀၂၂တက္ကသိုလ်၀င်စာမေးပွဲအောင်စာရင်းနဲ့ပတ်သတ်ပြီး ပြည်သူတွေရဲ့ဝေဖန်မှုတွေလည်း များစွာရှိနေသလို၊ NUGပညာရေး၀န်ကြီးဌာနကလည်းစစ်အာဏာရှင်စနစ် လည်ပတ်အောင်လုပ်ဆောင်မှုတွေဟာ တရားမဝင်ဘူးလို့ မနေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

“သူတို့ပညာရေးဟာအရည်အချင်းမရှိတဲ့ပညာရေး စနစ်တစ်ခုကိုအကောင်ထည်ဖော်နေတာ၊NUG ကလည်းအသိအမှတ်မပြုဘူး အရည်အချင်းမရှိတဲ့ပညာရေး၊သုံးလလောက်အတွင်းဆယ်တန်းစာကို သင်တယ် စာမေးပွဲဖြေခိုင်းတယ်၊ ဂုဏ်ထူးတွေနဲ့အောင်လာကြတယ်၊ ဒါမဖြစ်နိုင်ဘူးလေ ဆယ်တန်းစာကို သင်ဖူးတဲ့သူတိုင်းသိတယ်” လို့တက္ကသိုလ်၀င်တန်းCDMကျောင်းသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့တက္ကသိုလ်၀င်စာမေးပွဲအောင်မြင်တဲ့သူတွေနဲ့ လက်ရှိစစ်ကောင်စီရဲ့ ကျောင်းတွေမှာတက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို OnlineမှာSocial Punishment ပြုလုပ်နေတဲ့သူတွေကိုအရေးယူမယ်လို့လည်း စကစရဲ့Telegram Channel တွေမှာခြိမ်းခြောက်နေပါတယ်။

အဲ့ဒီလို Social Punishmentပြုလုပ်ဖို့လှုံ့ဆော်နေသူတွေကိုဖော်ထုတ်ပြီးအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမယ်လို့လည်း အဲ့ဒီ Channel တွေကနေရေးသားနေကြပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ MRTV နဲ့ MWD TV channelတွေတင်မကပဲ Facebook Page တွေ၊ Telegram Channel တွေကနေတစ်ဆင့်ပြည်သူလူထုကို ၀ါဒဖြန့်တာ ခြိမ်းခြောက်တာတွေကိုပြုလုပ်လျှက်ရှိနေပါတယ်။

#thenationvoicemyanmar

#တက္ကသိုလ်ဝင်တန်း #စာမေးပ