စစ်ရှောင်နေတဲ့ ဒီးမော့ဆို ဒေသခံတွေ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကို PDF နဲ့ KA ပူးပေါင်းတပ် ထုတ်ယူပြီး ဒေသခံတွေထံ ပြန်ပေး

ဒီးမော့ဆိုမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်စဉ် နေအိမ်မှာကျန်နေခဲ့တဲ့ ဆိုင်ကယ်တွေကိုထုတ်ယူပြီး ဒေသခံပြည်သူလူထုတွေဆီ ပြန်လည်ပေးအပ်လျက်ရှိတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ပါတယ်။

ကယား(ကရင်နီ)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ဒီးကျေးအုပ်စု၊ ဒေါငံခါးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF) တပ်ခွဲတချို့နဲ့ ကရင်နီတပ်မတော်(KA ) တပ်ဖွဲ့တချို့တို့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်  လူထုနေအိမ်မှာ ကျန်ရစ်လျက်ရှိတဲ့ ဆိုင်ကယ်(၁၆)စီးကို  ဒီကနေ့မှာ ပြန်လည်ထုတ်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ယူနိုင်ခဲ့တဲ့ ဆိုင်ကယ်(၁၆)စီးထဲက  (၆)စီးကိုပိုင်ရှင်ဆီ ပြန်လည်အပ်နှံပြီးစီးခဲ့ပြီး ကျန်ရစ်တဲ့ဆိုင်ကယ်တွေကို ပိုင်ရှင်တွေဆီ ဆက်လက်အပ်နှံသွားမယ်လို့ အသိပေးထားပါတယ်။

ဒေသခံ ပြည်သူတွေရဲ့ ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက  ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်တချို့ကို ရိုက်ချိုးဖျက်စီးခဲ့တာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ် အပါအဝင် ကရင်နီ(ကယား) ပြည်နယ်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူ သိန်းနဲ့ချီ စစ်ဘေးရှောင်ဘ၀ ရောက်ရှိကာ အခက်အခဲတွေများစွာ ကြုံနေကြရပါတယ်။

#thenationvoicemyanmar
#ဒီးမော့ဆို #ကယား #ကရင်နီ