ဆရာအရင်း သိန်းစိန်တောင် သူ့လို ကုန်သွယ်မှု ပိုငွေရအောင်မလုပ်နိုင်ဘူးလို့ စစ်ခေါင်းဆောင်ဂုဏ်ဆာ၊ နိုင်ငံတကာပိတ်ဆို့မှုကြောင့် ကုန်သွယ်မှု ကျဆင်းခဲ့တာကိုတော့ ထည့်မပြောခဲ့

နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးမှာ တစ်နှစ်ကျော်ကာလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁,၁၄၀) သန်း ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ 

သူတာဝန်ယူဆောင်ရွက်ချိန်မှာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး အချို့သော မလိုအပ်တဲ့ ပစ္စည်းတင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့တယ်လို့ပြောဆိုပြီး လိုအပ်တဲ့ ပစ္စည်းတွေကိုပဲတင်သွင်းခဲ့တာကြောင့် တစ်နှစ်ကျော်အတွင်း ကုန်သွယ်မှုပိုငွေဟာ ပိုထွက်လာခဲ့တာလို့ ဆိုပါတယ်။ 

ဒါပေမယ့် အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေမရှိသလောက်ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ပစ္စည်းဆိုတာ စစ်လက်နက်ပစ္စည်းတွေတင်သွင်းတာကလွဲပြီး ကျန်တဲ့ ပစ္စည်းဆိုတာ မရှိသလောက်ပဲဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားတာမရှိပါဘူး။ 

ဒီလို ကုန်သွယ်မှုပိုငွေဖြစ်ပေါ်လာတာကို ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုမှာ မြန်မာနိုင်ငံရဲ့ စီးပွါးရေးကဏ္ဍက  ကုန်သွယ်ရေးလိုငွေတွေ ရှိခဲ့တဲ့အတွက် သူတာဝန်ယူချိန်ကာလအတွင်း ကြပ်ကြပ် မတ်မတ်နဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်လို့ သူ့ဆရာအရင်းကိုပါ ပုတ်ခတ်သွားခဲ့ပါတယ်။ 

သို့ပေမယ့် ပုဂ္ဂလိက က ဆောင်ရွက်နေတဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာတော့ တစ်နှစ်ကျော်ကာလအတွင်း ကုန်သွယ်မှုလိုငွေတွေဖြစ်ပေါ်ခဲ့တယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။
 
#thenationvoicemyanmar 
#ကုန်သွယ်မှု