မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ညောင်လယ်ရွာမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူ(၆)ဦးကို သတ်ဖြတ်ခဲ့ရာမှာ (၅)ဦးကိုလက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။
ညောင်လယ်ရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဇွန်လ(၃)ရက်မှာ ပြည်သူ(၆) ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
သတ်ဖြတ်ခဲ့တဲ့ ပြည်သူ(၆) ဦးအနက် (၂)ဦးက ညောင်လယ်ရွာသားတွေ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။
ကျန်လေးဦးကိုတော့ အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီတပ်က အခြားဒေသတွေကနေ ဖမ်းဆီးခေါ်ဆောင်လာသူတွေဖြစ်နိုင်တယ်လို့လည်း ဂန့်ဂေါ ပအဖက သုံးသပ်ထားပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ က ဂန့်ဂေါမြို့နယ်အတွင်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာ စတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာမို့ ပြည်သူတွေ နေနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်လာရင် ထိပ်တိုက်မတွေ့မိဘဲ လုံခြုံရာအရပ်ဒေသတွေမှာသာ နေထိုင်ကြဖို့ ဂန့်ဂေါပအဖက နှိုးဆော်ထားပါတယ်။
#thenationvoicemyanmar #ဂန့်ဂေါ #ပအဖ #မကွေး #မီးရှို့သတ်ဖြတ်