Pdfကဖမ်းတာကိုသေနတ်လုတဲ့နယ်ထိန်းရဲ သုတ်သင်ခံရ

မကွေးတိုင်း၊ရေစကြိုမြို့မှာ နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်ဆိုသူကို ဒီနေ့သုတ်သင်ခဲ့တယ်လို့ Black Wolf People Defense Force-MDY ကထုတ်ပြန်ပါတယ်။

ရေစကြိုမြို့တွင်းမှာ လိုင်းကြေးလှည့်ကောက်သောင်းကျန်းနေကာ အမှတ်(၈) သုခ၀တီရပ်ကွက်မှာနေထိုင်ပြီးအသက်(၂၃)နှစ်ခန့်ရှိတယ်လို့သိရပါတယ်။

 သူ့ကိုအပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် ဒီနေ့ နေ့လည်၁၂နာရီ၄၀လောက်မှာ Black Wolf PDFနဲ့ မဟာမိတ်တွေက ဖမ်းပြီးခေါ်လာတုန်းလမ်းမှာသေနတ်လုဖို့ကြံတဲ့အတွက်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီလုပ်ဆောင်မှုကို Black Wolf Pdf-MDY,Bagan Nyaung Oo Pdf,MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့ကပူးပေါင်းပြီးဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

#thenationvoicemyanmar
#ရေစကြို #မကွေး