ဆေးခြောက်နဲ့ ဆေးခြောက်အခြေခံထုတ်ကုန်တွေကို ကလေးငယ်တွေနဲ့ ကိုယ်ဝန်သည်တွေကိုရောင်းချတဲ့လူတွေအတွက် ပြစ်ဒဏ်တွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်လိုက်ပါတယ်။
ဆေးခြောက်ကို ကလေးငယ်တွေနဲ့ ကိုယ်ဝန်သည်တွေအသုံးမပြုအောင်နဲ့ ကျန်းမာရေးနဲ့မကိုက်ညီတဲ့ပုံစံတွေနဲ့ အသုံးပြုတာကို ထိန်းချုပ်ဖို့ ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်တယ်လို့ ထိုင်းတိုင်းရင်းဆေးနှင့်အခြားဆေးဝါးများဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယွန်ယို့စ် သမ်မာဝတ်ကပြောပါတယ်။
အသက် ၂၀ အောက်နဲ့ ကိုယ်ဝန်သည်တွေကို ဆေးခြောက်ရောင်းတာနဲ့ရောင်းဖို့ကြိုးစားသူတွေကို ထောင်ဒဏ် ၁ နှစ်ဖြစ်စေ ငွေဒဏ် ဘတ် ၂ သောင်းဖြစ်စေ၊ ပြစ်ဒဏ် ၂ ခုစလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သူကပြောပါတယ်။
ကန့်သတ်မှုတွေမှာ ဆေးခြောက်ပင်တစ်ပင်လုံး ပါဝင်ပြီး ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သဘောတူတယ်လို့လည်း ဒေါက်တာ ယွန်ယို့စ်ကပြောပါတယ်။
အဲဒီအသက်အရွယ်အုပ်စုတွေ ဆေးခြောက်ရနိုင်တာကို ကာကွယ်ဖို့ နောက်ထပ်ထုတ်ပြန်သွားမယ်လို့လည်း သူကပြောပါတယ်။
သောကြာနေ့မှာ ဆေးခြောက်ကြောင့် အသက် ၁၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ဖျားနာ၊ စိတ်ဓာတ်ကျလက္ခဏာတွေနဲ့ ဆေးရုံတက်ရပြီးနောက် သူကပြောတာလည်းဖြစ်ပါတယ်။
Source – Bangkok Post
#thenationvoicemyanmar
#ထိုင်းနိုင်ငံ #ဆေးခြောက်