မကွေးတိုင်း၊ ဂန့်ဂေါနယ်ထဲ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို (၂)ရက် ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၈)ဦး ထိခိုက်သေဆုံးတယ်လို့ PDF-Gangaw က ဒီနေ့ ဇွန်လ (၁၈) ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းဟာ ဇွန်လ (၁၄) ရက်ကစပြီး ဂန့်ဂေါနယ် ကန်ရွာမှ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေမီးရှို့တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ စတဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် အဲဒီစစ်ကြောင်းကို ဇွန်လ (၁၇) ရက်မှာ PDF-GanGaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(၁)က တပ်စိတ်(၃)စိတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား (၃)ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇွန်လ (၁၈) ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကို ရှေ့ထွက်မိုင်းတွေ၊ ပဒေသာမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၃)ဦးသေပြီး (၂)ဦးဒဏ်ရာရသွားတယ်လို့ ဖော်ပြပါတယ်။
အဲဒီ (၂)ရက်တာတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်လက်က လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar
#ဂန့်ဂေါ