စစ်တပ်ခိုးသွားတဲ့ဆိုင်ကယ်တွေကို မြောင်PDF က ဒေသခံတွေကို ပြန်ပေး

စစ်ကိုင်းတိုင်း ​ချောင်းဦးမြို့နယ်မှာ ဘလွေရွာက စစ်ကောင်စီခိုးယူသွားတဲ့ ဆိုင်ကယ်တွေကို စစ်တပ်ဆီက ပြန်လည်ရယူပြီး ဒေသခံတွေလက်ထဲကို မနေ့ကပြန်လည်အပ်နှံခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဘလွေရွာကို ဇွန်လ (၁၀) ရက်နေ့က စစ်ကြောင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ရွာထဲက ပစ္စည်းတွေနဲ့ဆိုင်ကယ်တွေကို အဓမ္မသိမ်းယူသွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီသိမ်းယူသွားတဲ့ဆိုင်ကယ်တွေကို ဒေသခံပ.က.ဖတွေဟာ စစ်ကောင်စီထံက ပြန်ယူပြီး ဒေသခံတွေကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆိုင်ကယ်တွေဟာ Scoopyအမျိုးအစား(၅)စီး၊ ဆိုင်ကလုန်း(၁)စီး၊ 125တရုတ်ဘီး(၄)စီး၊ စုစုပေါင်းကာလငွေတန်ဖိုး ကျပ် သိန်း (၁၀၀) ကျော်ရှိကာ Myaung CDSOMရဲ့ မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့နဲ့ တူးမီးဖိုက်တာအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီထံက ပြန်လည်ရယူကာ ဒေသခံတွေဆီိကို လက်၀ယ်အရောက်ပြန်လည်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

#thenationvoicemyanmar
#မြောင် #စစ်တပ်ကခိုးသွားတဲ့ဆိုင်ကယ်