စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့လယ်မှာရှိတဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နေအိမ်ကို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(KDDF)က ဒီကနေ့ ဇွန်လ (၁၉) ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် (၆) နာရီ (၄၅) မိနစ်လောက်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်မှာရှိတဲ့ ဥဦးသန်းရွှေရဲ့နေအိမ်ခြံဝင်းရှေ့က အစောင့်ဂိတ်တဲကို ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

” မြို့အလယ်မှာရှိပြိး ကင်းဂိတ်တွေ ပတ်ပတ်လည်မှာရှိပေမဲ့ ပြည်သူတွေကို အကြမ်းဖက်နေတဲ့သူတွေအတွက် ဘယ်နေရာမှ မလုံခြုံဘူးဆိုတာသိစေချင်လို့ပါ ” လို့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KDDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် နေအိမ်ရှိမှာအစောင့်ချထားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ဗုံးထိမှန်ခဲ့ပြီး သေဆုံးနိုင်ခြေရှိတယ်လို့ KDDF က ဆိုပါတယ်။

#thenationvoicemyanmar #ကျောက်ဆည် #ဦးသန်းရွှေနေအိမ် #ဗုံးပစ်