ထိုင်းနိုင်ငံမှာထုတ်လုပ်ပြီး နှာခေါင်းကိုဖြန်းခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်မယ့်ဆေး စက်တင်ဘာအကုန်မှာ အများပြည်သူအတွက် အဆင်သင့်ဖြစ်မယ်လို့ ထိုင်းအစိုးရဘက်ကကြေညာပါတယ်။
ဖြန်းဆေးပူးပေါင်းထုတ်လုပ်နေတဲ့စီမံကိန်းကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ချီးကျူးခဲ့တယ်လို့ ထိုင်းအစိုးရဒုတိယပြောခွင့်ရသူအမျိုးသမီး ရာချာဒါ ဒနာဒီရက်ကပြောပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်၊ ဆီပါကွန်းတက္ကသိုလ်၊ကျန်းမာရေးစနစ်များသုတေသနအင်စတီကျူ့(HSRI)၊ ထိုင်းအစိုးရဆေးဝါးအဖွဲ့(GPO) နဲ့ ဆိုင်ယမ်ဇီဝသိပ္ပံဌာနတို့က ဆေးဝါးနဲ့ဆေးပစ္စည်းကျွမ်းကျင်သူတွေက ဒီစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
ဖြန်းဆေးပူးပေါင်းထုတ်လုပ်ဖို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရည်မှန်းချက်တစ်ခုက ထိုင်းနိုင်ငံရဲ့ဆန်းသစ်တီထွင်မှုနဲ့ သုတေသနကြိုးစားမှုတွေကို နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီအောင် တွန်းအားပေးဖို့ဖြစ်တယ်လို့လည်း ရာချာဒါကပြောပါတယ်။
စက်တင်ဘာလမှာ အများပြည်သူကို ဖြန်းဆေးရောင်းချနိုင်တော့မယ်လို့လည်း သူကအသိပေးပါတယ်။
နိုင်ငံတကာစံနှုန်းသတ်မှတ်ရေးအဖွဲ့(ISO)ကလည်း ဆေးဘက်ဆိုင်ရာပစ္စည်းတွေအတွက် ဖြန်းဆေးကို အသိအမှတ်ပြုထားတယ်လို့ GPO ဒုတိယညွှန်ကြားရေးမှူး ရန်ဆီ ပတ်တလီကပြောပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်၊ သုတေသနဌာနနဲ့ ဘန်ကောက်မှာရှိတဲ့ ချူလာလောင်ကွန်းဘုရင်အထိမ်းအမှတ်ဆေးရုံတို့ထုတ်လုပ်နေတဲ့ ChulaCov19 ကာကွယ်ဆေးကလည်း ဖိုင်ဇာနဲ့ မိုဒါးနားကာကွယ်ဆေးတွေရဲ့စွမ်းရည်နဲ့ ကိုက်ညီပြီး လက်ရှိမှာ တတိယစမ်းသပ်အသုံးပြုမှုစနေပါပြီ။
ထိုင်းအစိုးရခွင့်ပြုချက်ရရင် ChulaCov19 ကာကွယ်ဆေးကို အခုနှစ်ကုန်မှာ အများပြည်သူအသုံးပြုနိုင်မယ်လို့လည်း ရာချာဒါက အသိပေးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြီးဆုံးသွားရင်တောင် ကာကွယ်ဆေးတွေဟာ အနာဂတ်မှာအသုံးပြုနိုင်မယ်လို့လည်း သူကပြောပါတယ်။
Source – Bangkok Post
#thenationvoicemyanmar
#internationalnews #Coivd_19 #ထိုင်းနိုင်ငံ #ကာကွယ်ဆေး