ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့မှာ သပြေကြီးအုပ်စု၊သပြေကြီးစုရွာက အုပ်ချုပ်ရေးမှူးတစ်ဦးကို သုတ်သင်ခဲ့တယ်လို့ Paungde People Defense Force-PPDF ကထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ စကစခန့်အုပ်ချုပ်ရေးမှူးမြဟန်ဆိုသူဖြစ်ပြီး အသက်၆၀ခန့်ရှိကာ ခေါင်းကိုထိမှန်ပြီးသေသွားတာလို့သိရပါတယ်။
အုပ်ကြီး ကို သပြေကုန်းရွာနဲ့ကျီကြီးကုန်းရွာကြား သပြေကုန်းသုသာန်အနီးမှာ ဒီနေ့ညနေ၅နာရီလောက်က သေနတ်နဲ့ပစ်ပြီးသုတ်သင်ခဲ့တာဆိုပါတယ်။
“၁၀ချက်လောက်ရှိမယ်ဗျ၊ပထမတစ်ချက်အသံကြားတော့လယ်ထဲဆင်းပြေးတာကိုနောက်လိုက်ပစ်တာဖြစ်နိုင်တယ်၊သေတာတော့လယ်ထဲမှာပဲ”လို့ဒေသခံတစ်ဦးကပြောပါတယ်။
ပေါင်းတည် PDF ဟာ စကစခန့်အုပ်ချုပ်ရေးမှူးနဲ့၀န်ထမ်းတွေကိုနူတ်ထွက်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့ကြေညာထားတာဖြစ်ပြီး လွန်ခဲ့တဲ့မေလ၂၃ရက်နေ့တုန်းကလည်း လုံ့လရွာကဒလန်ဖိုးပြားကြီးဆိုသူကိုရှင်းလင်းခဲ့ပါသေးတယ်။
#thenationvoicemyanmar #ပေါင်းတည် #ပဲခူး