စစ်ကိုင်းတိုင်းထဲမှာ စစ်ဆင်ရေးလုပ်ခဲ့တဲ့ တပ်တွေထဲက တပ်သား (၃) ဦးဟာ ပြည်သူ (၂၆) ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို RFA က ဒီနေ့မှာ တင်ဆက်ခဲ့ပါတယ်။
အဲဒီ ဗီဒီယိုဖိုင်မှာ စစ်သား (၃) ဦးက သူတို့ ပြည်သူတွေကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ ဘယ်နှစ်ယောက်သတ်ဖြတ်ခဲ့တယ်ဆိုတာတွေကို အေးအေးလူလူ ပြောဆိုနေခဲ့ကြတာပါ။
အဲဒီ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့လာပြီးတဲ့နောက်မှာ တော်လှန်ရေးအဖွဲ့တွေကလည်း သိရှိခဲ့လာရပြီး အဲဒီစစ်သားတွေရဲ့ အမည်၊ နေရပ်လိပ်စာ၊ မိသားစုတို့ကိုသိရှိရင် ဖော်ထုတ်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေကိုတောင်းဆိုလျှက်ရှိပါတယ်။
အဲဒီစစ်သားတွေဟာ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၇၀၈) ၊ တပ်ခွဲ (၄) တို့ကဖြစ်ပြီးတော့ အဲဒီ ခမရ (၇၀၈) ဟာ လတ်တလော စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပူးတွဲစစ်ဆင်ရေးလုပ်နေတာဖြစ်တယ်လို့ ဗိုလ်ကြီးလင်းထက်အောင်က ပြောပြထားပါတယ်။
#thenationvoicemyanmar
#ခမရ၇၀၈ #စစ်ကိုင်း #မကွေး