မြစ်ကြီးနားမြို့နယ် မြစ်ဆုံဧရိယာမှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် အစောကြီးပဲ။ ၅နာရီနဲ့ ၆နာရီကြားပေါ့။ ပူတာအို အထက်ဘက်ကနေ ဆင်းလာတဲ့ ခြေလျင်နဲ့ လမ်းလျှောက်လာတဲ့ အဖွဲ့တွေကို တန်ဖဲရွာအထက် ၁မိုင်ကျော်လောက် အကွာမှာဖြစ်တာ” လို့ ဒေသခံက ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကဆိုပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်က ပူတာအို၊ဆွမ်ပရာဘွမ်ဘက်ကနေမြစ်ကြီးကိုပြန်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကလို့ ဆိုပါတယ်။
ပူတာအိုကို လက်နက်ရိက္ခာ ပို့ပြီး ပြန်လာတဲ့ အဲ့ဒီ စစ်ယာဉ်တန်းကို KIA က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနား – ပူတာအို လမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပေမယ့် မြစ်ဆုံအနီးတစ်ဝိုက်မှာတော့ ဒီနေ့မှစတင်ဖြစ်ပွားခဲ့တာပါ။
#thenationvoicemyanmar #KIA #မြစ်ကြီးနား #မြစ်ဆုံ