ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA ပူးပေါင်းတပ်တို့ဟာ ဇွန်လ (၁၅) ရက်နေ့က ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ Black Panther Column က ထုတ်ပြန်ပါတယ်။
KNU/KNLA ပူးပေါင်းကျားသစ်နက်စစ်ကြောင်းတွေက ဇွန်လ (၁၅) ရက် မနက် (၆) နာရီလောက်မှာ အာရှလမ်း ကျွန်းပင်ကုန်းစခန်းကို ၀င်ရောက်တိုက််ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က (၂) ဦးသေပြီး (၃) ဦး ဒါဏ်ရာရရှိခဲ့ကာ ကျားသစ်နက်စစ်ကြောင်းဘက်က ရဲဘော် (၁) ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တပ်မ(၂၂)လက်အောက်ခံ ကင်းစခန်းဖြစ်တဲ့ ကျွန်းပင်ကုန်းစခန်းဟာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ပြည်သူတွေကို တရားမဲ့ဖမ်းဆီးတာ စတဲ့ အကြမ်းဖက်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
#thenationvoicemyanmar
#မြဝတီ_ကော့ကရိတ် #အာရှလမ်းမကြီး