ရေစကြိုမြို့မှာ မနေ့က မြို့နယ်မှူးပိုင်တဲ့ ကားက်ိုသိမ်းယူခဲ့တယ်လို့ Earthquake People’s Defense Force ကထုတ်ပြန်ပါတယ်။
EPDF ဟာ အဲ့ဒီကားကိုဖမ်းဆီးဖို့အတွက်ကားရဲ့သွားလာမှုကိုရက်(၂၀)ကျော်ကြာစောင့်ကြည့်ခဲ့ရတာပါ။
ရဲနဲ့ပျူတွေကကားကိုပြင်နေတယ်လို့သတင်းရတဲ့အတွက်ပစ်ခတ်ဖို့လုပ်ပေမဲ့အဲ့ဒီနေရာမှာမရှိတာကြောင့်မြို့နယ်မှူးပိုင်တဲ့ကားကိုတော်လှန်ရေးမှာအသုံးပြုဖို့သိမ်းဆည်းခဲ့တာလို့ဆိုပါတယ်။
အဲ့လိုသိမ်းဆည်းပြီးမကြာခင်မြို့နယ်မှူးက EPDF ရဲဘော်တွေဆီကိုသူ့ကားကိုသိမ်းလို့ဆိုပြီး ဖုန်းမက်ဆေ့ဂျ်ကနေစာပို့ပြီး ဆဲဆိုနေတာကိုလည်းဖော်ပြထားပါတယ်။
Earthquake PDF ဟာဇွန်လ၁၀ရက်နေ့တုန်းကလည်းရေစကြို မြို့ ကျောက်လှေခါးတိုးဂိတ်ကိုမဟာမိတ်တွေနဲ့ပေါင်းပြီးမီးရှို့မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။
#thenationvoicemyanmar #ရေစကြို #မကွေး