ဇွန် ၂၂ ရက်မှာ ၁၆ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မြို့မှာ လက်ခံကျင်းပသွားမယ်လို့ ဇွန် ၁၇ ရက်မှာ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီဘန်းက အစည်းအဝေးကို သဘာပတိအဖြစ် ကျင်းပမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက ကာကွယ်ရေးဝန်ကြီးတွေတက်ရောက်မယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
နယ်စပ်ဖြတ်ကျော်ကမ္ဘာ့ကပ်ရောဂါတွေကိုကာကွယ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးထိန်းသိမ်းသူတွေကို ထောက်ပံ့မယ့်လုပ်ငန်းစဉ်တွေမြှင့်တင်ဖို့နဲ့ အာဆီယံစစ်ပညာသင်ကြားရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ဖို့တွေ လာမယ့်အစည်းအဝေးမှာ အတည်ပြုသွားဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါအလွန်ပြန်လည်ထူထောင်ရေးမှာ ထောက်ပံ့မယ့်ကာကွယ်ရေးအဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍအပေါ် ကမ္ဘောဒီးယားရဲ့အမြင်နဲ့ ဒေသတွင်းညီညွတ်တဲ့လုံခြုံမှုအတွက် စည်းလုံးမှုကိုမြှင့်တင်မယ့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကာကွယ်ရေးဝန်ကြီးတွေရဲ့ပူးပေါင်းကြေညာချက်တွေထုတ်ပြန်မယ်လို့လည်း မျှော်လင့်ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန၊ မူဝါဒနှင့်နိုင်ငံခြားရေးရာအထွေထွေဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး နမ် ဆိုဝါ့သ်ကပြောပါတယ်။
၁၆ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြင် အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများအွန်လိုင်းအစည်းအဝေးနဲ့ အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးများအလွတ်သဘောအစည်းအဝေးတွေလည်း ပြုလုပ်သွားမယ်လို့ ဆိုဝါ့သ်ကဖြည့်စွက်ပါတယ်။
Source – Khmer Times
#thenationvoicemyanmar
#internationalnews
#အာဆီယံ #ကာကွယ်ရေးဝန်ကြီး