ပဲခူးတိုင်းအနောက်ခြမ်း၊သာယာ၀တီခရိုင်ကမြို့နယ်တချို့မှာပျူစောထီးတွေက PDF ယောင်ဆောင်ပြီး ပြည်သူတွေကိုငွေတောင်းခံနေတယ်လို့ ရွှေတန်းမြေသူရဲကောင်းများ (Letpadan PDF) က ဒီနေ့ထုတ်ပြန်ပါတယ်။
ပျူစောထီးတွေဟာ PDF တွေရဲ့ ပုံရိပ်ပျက်စီးအောင်တမင်လုပ်နေတာသာဖြစ်တယ်လို့ Letpadan PDF ကဆိုပါတယ်။
သာယာ၀တီခရိုင်အတွင်းက ကြို့ပင်ကောက်မြို့နဲ့ဇီးကုန်းမြို့တို့မှာလည်း ခုရက်ပိုင်းအတွင်း PDF ယောင်ဆောင်ပြီး လုပ်ငန်းရှင်တွေကိုခြိမ်းခြောက်ငွေတောင်းမှုတွေရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
လက်ပံတန်းမြို့မှာ အဲ့ဒီလိုကိစ္စတွေတစ်စုံတစ်ရာဖြစ်လာရင် Letpadan PDF နဲ့သက်ဆိုင်ခြင်းမရှိကြောင်းနဲ့ဖြစ်စဥ်ကိုတိကျခိုင်လုံစွာ သတင်းပေးပို့ဖို့လည်း Letpadan PDF ကဖော်ပြထားပါတယ်။
#thenationvoicemyanmar
#သာယာဝတီ #ပဲခူး #PDF