မကွေးတိုင်း ဂန့်ဂေါမြို့မှာ အင်အား (၂၀၀) ခန့်ပါတဲ့စစ်ကြောင်းကို မနေ့က (၇) နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yaw Regional Pdf’s Alliance-YRPA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာချိန် သင်တောရွာအထွက်မှာ ဒေသခံပ.က.ဖတွေက ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းထိမှန်လို့ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားပြီး ဒေသခံပ.က.ဖတွေ အထိအခိုက်မရှိဆုတ်ခွာလာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ PDF-(701) Gangaw Battalion (YRPA) တပ်ခွဲ (3)က ရဲဘော်အချို့နဲ့ ပကဖ ရဲဘော်အချို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

#thenationvoicemyanmar
#ဂန့်ဂေါ