ကသာမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်ကို ကသာပကဖ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၅ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ကသာမြို့ အဝင်အထွက်စစ်ဆေးရေးဂိတ်ကို မနေ့ကတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ပါတယ်။

ရေကြောင်းက စစ်ကြောင်းထိုးဖို့ ရေဆိပ်မှာ စစ်ကောင်စီတပ်တွေ ပြင်ဆင်နေချိန်မှာ   မြို့နယ် ပကဖ ရဲ့ Gen Z အဖွဲ့က မြို့အဝင်၊အထွက် မြဆည်းဆာစစ်ကောင်စီဂိတ်ကို အီနာဂါဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က  ၅ဦးခန့် ထိခိုက်ပြီး ဆေးရုံကိုရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကသာမြို့နယ်က ပြည်သူတွေ အားတင်းထားကြဖို့နဲ့ ဒေသခံပြည်သူတွေ အနေနဲ့ တစ်ရွာနဲ့တစ်ရွာ ချိတ်ဆက်ပြီး အပြန်အလှန် ဝိုင်းဝန်းဖေးမကြဖို့ ကသာပကဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ စစ်ကိုင်းတိုင်းတစ်တိုင်းလုံး အရှိန်မြင့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ် အနေနဲ့လည်း ရှုံးမဲမဲနေပြီလို့ ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar #ကသာ #စစ်ကိုင်း

The Nation Voice ရဲ့ သတင်းတွေကို Telegram မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ
Telegram >> https://t.me/nationvoice

Leave a Reply

Your email address will not be published. Required fields are marked *