ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဒေသအသီးသီးက PDF တပ်ဖွဲ့တွေက မွေးနေ့ ဆုတောင်းပေး

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ရဲ ဒီကနေ့ ကျရောက်တဲ့  (၇၇) နှစ်ပြည့် မွေးနေ့အတွက် ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာဖို့ ဆုတောင်းပေးခဲ့ကြတာပါ။

သရက်ချောင်းမြို့နယ်က ဒေါင်းမင်း စစ်ဆင်ရေးအဖွဲ့၊ တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၇)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို ၊ ရှေ့တန်းရောက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ရဲဘော်များ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC) မှ ရဲဘော်များ၊ YDF Htilin Battalion 3 မှရဲဘော်များ၊ ဂန့်ဂေါ PDF မှ ရဲဘော်များ၊ PDF အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် -၁၀၀၈ တပ်ရင်း(ရှမ်းတောင်)မှ ရဲဘော်များ အပါအဝင် ဒေသအသီးသီးက PDF တပ်ဖွဲ့တွေက မွေးနေ့ ဆုတောင်းပေးခဲ့ကြတာပါ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြည်သူ့မေတ္တာလွှမ်းခြုံ၍ သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးပါစေ။အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။အချုပ်အနှောင်ခံနေရသော အမှန်တရားဘက်တော်သားအားလုံးလည်းအမြန်ဆုံးလွတ်မြောက်ပါစေ” ဟု ဂန့်ဂေါ PDFက ဆုတောင်းပေးခဲ့သလို ကျန်တဲ့ PDF တပ်ဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည် အသက်ရှည် ကျန်းမာဖို့၊ အချုပ်အနှောင်က အမြန်လွတ်ဖို့ ဆုတောင်းပေးကြပါတယ်။

ပြည်တွင်း ပြည်ပက ပြည်သူတွေကလည်း ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းမှုတွေ ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ 

#thenationvoicemyanmar 
#ဒေါ်အောင်ဆန်းစုကြည် #လူထုခေါင်းဆောင် #၇၇နှစ်မြောက်မွေးနေ့