လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ် – ရေစကြိုမြို့နယ်ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ အပတ်စဉ် (၁၃)ကို ကျင်းပခဲ့တယ်လို့ ရေစကြို PDF က ထုတ်ပြန်လိုက်ပါတယ်။

ရေစကြို PDF အနေနဲ့ စစ်သင်တန်းဆင်းပွဲတစ်ခုကို (၁၁) ရက်ကြာ ပြုလုပ်ပြီး သင်တန်းသား (၁၀၀) ကျော် ပါဝင်တယ်လို့ ရေစကြို PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ အပတ်စဉ် တစ်ခုကို လူဦးရေ (၁၀၀) ကျော်နဲ့ပေးတယ်။ အခုဆို အပတ်စဉ် (၁၃) ကို ပေးလိုက်နိုင်ပြီ။ ကျွန်တော်တို့ကတော့ ထပ်ပြီးတော့ ပြည်သူ့ခုခံစစ်ကို ပါဝင်ဆင်နွှဲမယ့် ပြည်သူတွေကို လက်ကမ်းပြီး ကြိုဆိုနေအုံးမှာပဲ။ သင်တန်းတွေ ကျွန်တော်တို့ ဆက်ပြီးတော့ ကျွန်တော်တို့ အားကောင်းလာအောင် ဆက်ပြီးတော့ ရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး အလုပ်လုပ်နေကြအုံးမှာ” ဟု ရေစကြို မြို့နယ် PDF တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြို PDF အနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ၊ စစ်ကောင်စီထောက်တိုင်တွေ၊ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ဂိတ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပြီး ဒီလို တိုက်ခိုက်ရာမှာ ဒေသတွင်းက အခြား တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
#thenationvoicemyanmar
#ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့အထိမ်းအမှတ်
#ရေစကြိုPDF #စစ်သင်တန်း