နေရပ်ပြန်ဖို့ ရိုဟင်ဂျာတွေဆန္ဒပြတောင်းဆို

တနင်္ဂနွေနေ့မှာ ရိုဟင်ဂျာထောင်ချီက အိမ်ပြန်ရေးစည်းရုံးလှုံ့ဆော်မှုစတင်ခဲ့ပြီး ကော့က်ဘဇားခရိုင်၊ ယူခီယာနဲ့တက်ခ်နက်ဖ်ခရိုင်တို့က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံပြန်ဖို့ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။

ရိုဟင်ဂျာနေရပ်ပြန်ရေးနဲ့အခြေချရေးချက်ချင်းစတင်ဖို့၊ မြန်မာနိုင်ငံရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းဖို့၊ ရိုဟင်ဂျာတွေမြန်မာနိုင်ငံမှာ အခွင့်အရေး၊ ဘေးကင်းမှုနဲ့ လုံခြုံမှုရှိဖို့၊ ရခိုင်ပြည်နယ်က ပြည်တွင်းစစ်ရှောင်ဒုက္ခသည်စခန်းတွေပိတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ အပြစ်မဲ့သူတွေကို နှိပ်စက်တာရပ်ဖို့တွေကို တောင်းဆိုခဲ့ပါတယ်။

မနက် ၈ နာရီမှာ စခန်း(၃၄)ခုက ရိုဟင်ဂျာအမျိုးသားတွေနဲ့ ကလေးငယ်တွေဟာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမနေချင်ဘဲ အမိမြေရခိုင်ပြည်နယ်ကို ပြန်ချင်တယ်လို့လည်း သူတို့ကပြောပါတယ်။

၂၀၁၉ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာစခန်းတွေမှာ အကြီးစားဆန္ဒထုတ်ဖော်မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ်ခွင့်ပြုတာပါ။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှာ အသတ်ခံခဲ့ရတဲ့ ထင်ရှားတဲ့ရိုဟင်ဂျာခေါင်းဆောင် မိုဟစ် အူလာက ၂၀၁၉ ခုနှစ်၊ သြဂုတ်မှာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ အကြီးစားဆန္ဒထုတ်ဖော်မှုတွေစီစဉ်ခဲ့ပါတယ်။

ဒီနေ့ တနင်္လာနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အကြိုအနေနဲ့ ရိုဟင်ဂျာတွေက နောက်ဆုံးဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ထားတာပါ။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အကြမ်းဖက်နယ်မြေရှင်းလင်းရေးအမည်ခံစစ်ဆင်ရေးတွေမှာ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက်ပြေးခဲ့ကြပြီး လက်ရှိဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ရိုဟင်ဂျာ ၁ သန်းကျော်ရှိနေပါတယ်။

Source – New Age BD

#thenationvoicemyanmar #internationalnews
#ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ်