မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်-ပြည်ထောင်စုမိခင်ကြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မင်္ဂလာအတွက် မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေက ထောင်ဝတ်စုံမှာ အမှတ်တရ လက်မှတ်များရေးထိုးပြီး မွေးနေ့ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။

ထောင်ဝတ်စုံတွင် ” အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေ ” လို့ ရေးသားထားပြီး ထောင်ဝတ်စုံ နောက်ကျောဘက်မှာတော့ ” ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ ထင်နေရင်လဲ ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ပဲထိုက်တန်တယ်လို့ ရာဇဝင်က အဆုံးအဖြတ်ပေးပါလိမ့်မယ် ” ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။

#thenationvoicemyanmar #မန္တလေး #အိုးဘိုအကျဉ်းထောင် #ဒေါ်အောင်ဆန်းစုကြည် #၇၇နှစ်မြောက်မွေးနေ့