မုံရွာမြို့ရဲ့လမ်းမကြီးပေါ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ချီတက်သပိတ်မှောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခြေခံပညာကျောင်းသားသမဂ္ဂနဲ့ မုံရွာလူငယ်အစည်းအရုံးတို့ပူးပေါင်းပြီး ကျောက္ကာလမ်းမကြီးပေါ်မှာ ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီသပိတ်မှာ ” တော်လှန်ရေးကြီး‌ပြီးချင်တယ်ဆိုရင် ကိုယ်ထူကိုယ်ထပါဝင်ကြမှ ” ဆိုတဲ့ စာသားနဲ့ သပိတ်မှောက်ခဲ့ကြတာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့မှာ မနေ့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်သပိတ်ကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။

#thenationvoicemyanmar
#မုံရွာ