အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အာဏာသိမ်းစစ်တပ်ကာကွယ်ရေးဝန်ကြီး မြထွန်းဦး မြန်မာကိုယ်စားပြုတက်ရောက်ဖို့ရှိနေ

(၁၆)ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အာဏာသိမ်းစစ်တပ်ကာကွယ်ရေးဝန်ကြီး မြထွန်းဦး မြန်မာကိုယ်စားပြုတက်ရောက်ဖို့ရှိနေတယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန၊ မူဝါဒနှင့်နိုင်ငံခြာရေးရာအထွေထွေဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး နမ် ဆိုဝက်သ်က ပြောပါတယ်။

ဒီအစည်း အဝေးကို ဇွန် ၂၂ ရက်၊ ကမ္ဘောဒီးယားနိုင်ငံမြို့တော်ဖနွမ်းပင်မြို့မှာပြုလုပ်မှာပါ

ဆွေးနွေးပွဲသဘာပတိအနေနဲ့ မြန်မာနိုင်ငံအပါအဝင် အာဆီယံကာကွယ်ရေးဝန်ကြီးအားလုံးကို ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားထားတယ်လို့ သူကပြောပါတယ်။

“ဒီနှစ်အာဆီယံဥက္ကဋ္ဌအနေနဲ့ အာဆီယံဟာ ၁၀ နိုင်ငံဖြစ်တယ်ဆိုတာ ပြောထားတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ဖို့ လိုအပ်ပါတယ်။ အာဆီယံနိုင်ငံ ၈ နိုင်ငံက ဘုံသဘောတူညီချက်တွေလည်းရှိထားပါတယ်”လို့ သူက သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ကမ္ဘာ့ကပ်ရောဂါတွေကိုကာကွယ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးထိန်းသိမ်းသူတွေကိုထောက်ပံ့မယ့်လုပ်ငန်းစဉ်တွေမြှင့်တင်ဖို့နဲ့ အာဆီယံစစ်ပညာသင်ကြားရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ဖို့တွေ လာမယ့်အစည်းအဝေးမှာ အတည်ပြုသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါအလွန်ပြန်လည်ထူထောင်ရေးမှာ ထောက်ပံ့မယ့်ကာကွယ်ရေးအဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍအပေါ် ကမ္ဘောဒီးယားရဲ့အမြင်နဲ့ ညီညွတ်တဲ့လုံခြုံမှုအတွက် စည်းလုံးမှုကိုမြှင့်တင်မယ့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကာကွယ်ရေးဝန်ကြီးတွေရဲ့ပူးပေါင်းကြေညာချက်တွေထုတ်ပြန်မယ်လို့လည်း မျှော်လင့်ကြောင်းပြောပါတယ်။

၁၆ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြင် အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများအွန်လိုင်းအစည်းအဝေးနဲ့ အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးများအလွတ်သဘောအစည်းအဝေးတွေလည်း ပြုလုပ်သွားမယ်လို့ ဆိုဝါ့သ်ကဖြည့်စွက်ပါတယ်။

Source – Khmer Times

#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #အာဆီယံ #ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး