အာဏာရှင်စနစ်မှန်သမျှအမြစ်ဖြတ်ချေမှုန်းရေး အစဉ်တစိုက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ နာဂ PDF ထုတ်ပြန်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားညီနောင်တွေနဲ့ အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေးအတွက် အစဉ်တစိုက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့   နာဂပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်တာ ဒီကနေ့ ဇွန်လ ၂၀ရက်မှာ ၁နှစ်ပြည့်ခဲ့တာဖြစ်ပြီး (၁)နှစ်ပြည့်ထုတ်ပြန်ချက်မှာ အထက်ပါအတိုင်း ကြေညာခဲ့တာပါ။

လက်ရှိအချိန်ဟာ ဘုံရန်သူဖြစ်တဲ့  အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွလက်တွဲတွန်းလှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တိုင်းရင်းသားညီနောင်တွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်အပြီးတိုင်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

နာဂဒေသပြည်သူလူထုအနေနဲ့ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိာ ထောက်ပံ့ပေးကြဖို့နဲ့ပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုဟာ ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ်မှာ များစွာမူတည်နေပြီး တော်လှန်ရေးရဲ့ အကောင်းအဆိုး အကျိုးအမြတ်ဟာလည်း  ပြည်သူလူထုသာလျင် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

#thenationvoicemyanmar #နာဂ #PDF