PRA မကွေးနဲ့ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်တို့ပထမဆုံးအကြိမ်တွေ့ဆုံ၊ လိုအပ်တဲ့လက်နက်နဲ့ ရိက္ခာကို ထောက်ပံ့ဖို့ကြိုးစားပေးမယ်လို့ ဦးရည်မွန်ပြော

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway)နဲ့ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့အဖွဲ့တို့ဟာ ပထမဆုံးအကြိမ်အဖြစ် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

PRA Magwayနဲ့ ဦးရည်မွန်တို့ဟာ ရှေ့လျှောက်ပူးပေါင်းလုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေနဲ့ အဓိကလိုအပ်တဲ့ လက်နက်နဲ့ ရိက္ခာပံ့ပိုးနိုင်ရေးကို နှစ်ဖက်ရင်းနှီးဖော်ရွေစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေး၀န်ကြီးဌာနနဲ့ PRA Magway တို့ဟာအခုနှစ်ဇန်န၀ါရီလထဲက တွေ့ဆုံဖို့ပြောထားခဲ့တာဖြစ်ပြီးရပ်တည်ချက်ကြေညာစာတမ်း အတည်မပြုနိုင်သေးတာရယ်၊ ဆက်သွယ်ရေး၊ စစ်ရေးအခြေအနေတို့ကြောင့် မနေ့ကညနေပိုင်းလောက်မှ စီစဥ်ပြီး ကာကွယ်ရေး၀န်ကြီးဦးရည်မွန်တို့အဖွဲ့နဲ့ PRA Magway နှစ်ဖွဲ့ထဲ တွေ့ဆုံခဲ့ကြရတာ ဖြစ်ပါတယ်။

” အဓိက ကတော့MODနဲ့ PRA Magwayနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်လို့ရမလည်းဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးသွားတယ်၊ ဧရာ၀တီမြစ်အနောက်ဖက်ခြမ်းဒေသတွေမှာ စိုးမိုးနယ်မြေတည်ဆောက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာဘယ်လိုချိတ်ဆက်ပူးပေါင်းပြီး လုပ်ကြမလည်းဆိုတာကိုပါအဓိကထားဆွေးနွေးပါတယ်၊ နောက်တစ်ခုကတော့ကျွန်တော်တို့က မပြည့်စုံတဲ့တော်လှန်ရေးအဖွဲ့ဖြစ်တဲ့အတွက် ရိက္ခာထောက်ပံ့နိုင်မှုအခြေအနေ၊ လက်နက်ထောက်ပံ့နိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ် ” လို့ PRA Magway ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

MODအနေနဲ့ ရိက္ခာထောက်ပံ့မှုကို ချက်ချင်းလုပ်ဆောင်ပေးမယ်လို့ပြောခဲ့ပြီး လက်နက်ထောက်ပံ့မှုအနေနဲ့ကတော့ နောက်ပိုင်းမှာ တတ်နိုင်သ၍ ၀န်ကြီးအနေနဲ့ စီစဥ်ပေးမယ်လို့လည်း ဆိုပါတယ်။

PRA Magway ဟာ စစ်ကောင်စီကိုတော်လှန်နေတဲ့စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုဖြစ်ပြီး MODရဲ့ အမိန့်စည်းမျဥ်းတွေအောက်မှာမရှိပေမဲ့ PRAရဲ့မဟာမိတ်မူ၀ါဒအတိုင်း MOD အပါအ၀င် ရည်မှန်းချက်တူတဲ့ဘယ်တော်လှန်းရေးအဖွဲ့အစည်းမဆို လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#thenationvoicemyanmar

#pramagway #modNUG

Leave a Reply

Your email address will not be published. Required fields are marked *