အလေးချိန်(၆၆၁)ပေါင် (၃၀၀ ကီလိုဂရမ်)ရှိတဲ့ ငါးလက်ထုံတစ်ကောင်ကို ကမ္ဘောဒီးယားနိုင်ငံက မဲခေါင်မြစ်မှာတွေ့ကာဖမ်းမိခဲ့ပြီး အဲဒီငါးဟာ မှတ်တမ်းတင်ထားနိုင်တဲ့ရေချိုငါးတွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။
ဇွန် ၁၃ ရက်မှာ အခုငါးကို ကိုပရာကျွန်းက တံငါသည်တစ်ဦးက ပထမဆုံးတွေ့တာပါ။
အရှည် (၃.၉၈)မီတာရှိပြီး ဗျက်(၂.၂)မီတာရှိတဲ့ငါးကို ခြေရာခံမိပြီးနောက် မြစ်ထဲကို ငါးပြန်လွှတ်လိုက်ပြီး လထွက်လာချိန်မှာ မဲခေါင်မြစ်ထဲက ရွံ့ထူတဲ့နေရာမှာ ငါးပြန်ပျောက်ကွယ်သွားတယ်လို့ လေ့လာမှုကိုဦးဆောင်ပြီး ရီနိုမြို့၊ နီဗားဒါးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ဇက်ဘ် ဟိုဂန်ကပြောပါတယ်။
၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံ၊ မဲခေါင်မြစ်မှာဖမ်းမိခဲ့တဲ့ အလေးချိန်(၆၄၆)ပေါင်( ၂၉၃ ကီလိုဂရမ်)ရှိငါးခူကြီးမျိုးနဲ့ စံချိန်တင်ထားတဲ့အကြီးဆုံးရေချိုငါးထက် အခုငါးက ပိုကြီးနေတာပါ။
ကမ္ဘာ့အကြီးဆုံးရေချိုငါးတွေအတွက် တရားဝင်စံချိန်မှတ်တမ်းတင်တာနဲ့ အချက်အလက်အရင်းအမြစ်တွေတော့မရှိပါဘူး။ မဲခေါင်မြစ်ဟာ ဇီဝမျိုးကွဲတွေကြွယ်ဝပေမယ့် အလွန်အကျွံငါးဖမ်းမှု၊တမံတွေနဲ့ ညစ်ညမ်းမှုတွေဟာ ထိခိုက်လွယ်တဲ့ဂေဟစနစ်ကို ခြိမ်းခြောက်နေပါတယ်။
တိဗက်ကုန်းမြေကနေ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ကို မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းပါတယ်။
Source – BBC
#thenationvoicemyanmar
#internationalnews
#နိုင်ငံတကာသတင်း #မဲခေါင်မြစ် #ကမ္ဘောဒီးယား #ရေချိုငါး