မြောင်မြို့နယ်တော်လှန်ရေးတပ် MRA က ရဲဘော်တွေဟာ ယူနီဖောင်းဝတ်စုံတွေဝတ်ဆင်ပြီး မြင်းခြံ၊ ဆီးမီးခုံမြို့၊ ကွေ့ကြီးကျေးရွာမှာရှိတဲ့ ပျူခေါင်းဆောင် အုန်းမြင့်ကို ရှင်းလင်းဖို့အတွက် ဇွန်လ (၁၆) ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။
ကွေ့ကြီးရွာအဝင်ဝအရောက်မှာ ကင်းပုန်းဝတ်နေတဲ့ ပျူတွေက MRA ရဲဘော်တွေကို သေနတ်နဲ့စတင်ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ် MRA က ဒီနေ့မှာ တိုက်ပွဲဖြစ်စဥ်ကိုထုတ်ပြန်ပါတယ်။
အဲဒီအချိန်မှာ MRA ရဲဘော်တွေက “မင်းတို့ရွာ ငါတို့ လာတာကို ဒီလို ဧည့်ခံတာလားကွ” လို့ ကြိမ်းဝါးလိုက်တဲ့အခါ အဲဒီ စကားသံကို ကြားတဲ့ ပျူတွေက Uniform ဝတ်ဆင်ထားတဲ့ MRA ရဲဘော်တွေကို စကစတပ်တွေလို့ မှတ်ယူကာ ပြာပြာသလဲ ထအော်ခဲ့ကြပါတယ်။
“ဗိုလ်ကြီးတို့မှန်း မသိလို့ပါ သည်းခံပေးပါ၊ခွင့်လွှတ်ပေးပါ” လို့ ဆက်တိုက် တောင်းပန်နေတဲ့အချိန်မှာ MRA ရဲဘော်တွေက
” ငါးရွာအုပ်ကြီး အောင်ကျော်ဆန်း ထွက်ခဲ့စမ်း” လို့ အော်ခေါ်ခဲ့ရာ ပျူခေါင်းဆောင် အုန်းမြင့်၊ လက်ထောက် အောင်လွင် နဲ့ အတူ နောက်လိုက် ပျူ သုံး ယောက်မှာ လက်အုပ်လေးချီကာ ရှေ့သို့ ထွက်လာခဲ့ပြီး “အောင်ကျော်ဆန်းက ဗိုလ်ကြီးတို့ခုနက ပစ်လိုက်တဲ့ ကျည်ထိပြီး မထနိူင်တော့ပါဘူး၊ကျတော်တို့ ကင်းစောင့်နေကြတာပါဗျ။ တောင်းပန်ပါတယ် ဗိုလ်ကြီး ခွင့်လွှတ်ပေးပါ။ ဗိုလ်ကြီးတို့မှန်း မသိလို့ စပစ်မိတာပါ ” လို့ ဒူးထောက် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခြေအနေကို အသုံးချပြီး လက်ဦးမှုရယူ တရပ်စပ်ပစ်ခတ်ကာ ပျူတွေကို သုတ်သင်ရှင်းလင်းခဲ့ပြီး ထပ်မံရောက်ရှိလာတဲ့ ပျူတွေကို လက်ပစ်ဗုံးတစ်လုံးပစ်ခတ်ခဲ့တဲ့အတွက် အကူရောက်လာတဲ့ပျူတွေလည်း ထွက်ပြေးကုန်လို့ အနောက်က လိုက်လံပစ်ခတ်ခဲ့တယ်လို့ MRA က ထုတ်ပြန်ထားပါတယ်။
ထိုတိုက်ပွဲမှာ MRA ရဲဘော်တွေရဲ့ရှေ့မှာပင် ပျူခေါင်းဆောင်တွေဖြစ်တဲ့ အုန်းမြင့်၊ အောင်ကျော်ဆန်း နဲ့ အောင်လွင် အပါအဝင် ပျူ ( ၆ ) ဦး သေဆုံးခဲ့ကာ ပျူများစွာ ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပြီး ရဲဘော်တွေ အထိအခိုက် မရှိ ဆုတ်ခွါနိုင် ခဲ့တယ်လို့သိရပါတယ်။
#thenationvoicemyanmar
#မြင်းခြံ #ကွေ့ကြီးရွာ #ပျူစောထီး