ရန်ကုန်တိုင်း၊ သန်လျင် နဲ့ ကျောက်တန်းမြို့နယ်မှာရှိတဲ့ စစ်အုပ်စုပစ်မှတ် (၃) နေရာကို မနေ့ကတိုက်ခိုက်ခဲ့တယ်လို့ သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
သန်လျင်မြို့နယ် TTU ဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကနဦးသတင်းအရ စစ်သားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ထပ်မံပြီး ည (၉) နာရီကျော်အချိန်မှာ ကျောက်တန်းမြို့နယ် သီလဝါ နယ်မြေရဲစခန်းအတွင်းကို အဝေးထိန်းမိုင်းနဲ့ ထပ်မံဖောက်ခွဲခဲ့ပါသေးတယ်။
အလားတူ ဇွန်လ (၁၉) ရက် ည (၈) နာရီ (၄၆) မိနစ်မှာ ကျောက်တန်းမြို့နယ် ပျူစောထီးခေါင်းဆောင် ကြည်ဝင်းနဲ့ ဇော်ဝင်း ပိုင်ဆိုင်တဲ့ ဘီယာမလေး KTV ကို ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ကျောက်တန်းမြို့နယ်အတွင်း တိုက်ခိုက်မှုမှာ စစ်သား (၃) ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ အရေးပေါ်အခြေအနေဖြစ်ကာ အဲဒီတိုက်ခိုက်မှုကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ YPDF က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။
#thenationvoicemyanmar
#ရန်ကုန် #ပျူစောထီး #မိုင်းခွဲတိုက်ခိုက် #KTV