တပည့်တွေခေါ်ပြီးလုံခြုံရေးယူထားတဲ့ပျုခေါင်းဆောင်သေနတ်နဲ့(၈)ချက်ပစ်ခံရ၊ကျည်ကာကယ်လို့အသက်မသေ

ရှမ်းပြည်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ကဆက်နက်ချောင်ရွာမှာ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ဇွန်လ၁၅ရက်နေ့မနက်၉နာရီလောက်မှာ သေနတ်နဲ့ပစ်ခဲ့တယ်လို့ Joe Phyu Guerilla Force ကထုတ်ပြန်ပါတယ်။

ပျူစောထီးခေါင်းဆောင်ငအောင်ဆိုသူဖြစ်ပြီးသေနတ်နဲ့(၈)ချက်ပစ်ခံခဲ့ရပေမဲ့ကျည်ကာ၀တ်ထားလို့မသေပဲလက်မောင်းနဲ့နံကြားမှာသာထိသွားတယ်လို့သိရပါတယ်။

ငအောင်ဟာ သူ့တပည့်ပျူစောထီးတွေကို လုံခြုံရေးခေါ်ထားလေ့ရှိပြီး ကျောက္ကူပြင်ရွာစာသင်ကျောင်းရှေ့ကစားသောက်ဆိုင်မှာ မနက်စာစားနေတုန်း သူ့တပည့်တွေလစ်တဲ့အချိန် ၀င်ပစ်ခဲ့တာလို့ JPGF က​ဆိုပါတယ်။

“သူ့မှာ တပည့်တွေလည်းအများကြီး လုံခြုံရေးတွေလည်းချထားတာ၊အစကအဲ့ဆိုင်မှာသူနဲ့ သူ့တပည့်ထိုင်နေတာ၊ကျွန်တော်တို့အဖွဲ့က သွားပစ်မယ်အလုပ်မှာ သူတပည့်က ဘယ်ထွက်သွားလဲမသိဘူး သူတစ်ယောက်ပဲကျန်တော့တာ၊အဲ့ချိန်မှာဆိုင်ထဲထိဝင်ပစ်တာ၊လက်မောင်းရယ်နံကြားရယ်ပဲ ဒဏ်ရာရသွားတယ်၊ပစ်တာက အချက်ရေအများကြီး၊ကျည်ကာကယ်သွားတာ၊သေတော့မသေဘူး၊ဆေးကုသမှုခံနေတယ်ဗျ”လို့ JPGF ရဲ့တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

JGPF ဟာ ဇွန်လ၁၈ရက်တုန်းကလည်း ပင်းတယမြို့က USDP ဒုဥက္ကဌ ဒလန်ကျော်ငြိမ်းဆိုသူကိုသုတ်သင်ခဲ့ပါသေးတယ်။

#thenationvoicemyanmar #JPGF #ရှမ်းပြည် #ရွာငံ #ဓနု