ထိုင်ဝမ်ကျွန်းမှာ ပြင်းအား ၆.၀ မဂ္ဂနီကျူ့ရှိတဲ့ငလျင်လှုပ်ခတ်၊ အပျက်အစီးအတိအကျမသိရသေး

ဒီကနေ့ ဇွန် ၂၀ ရက်က ထိုင်ဝမ်ကျွန်းအရှေ့ဘက်ကမ်းခြေမှာ ပြင်အား ၆.၀ မဂ္ဂနီကျူ့ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ အဆောက်အဦတွေ ခဏလောက်လှုပ်ခတ်သွားခဲ့ပေမဲ့ အပျက်အစီးအတိအကျကို ချက်ချင်းမထုတ်ပြန်သေးပါဘူး။

ကျွန်းရဲ့တခြားနေရာတွေထက်စာရင် လူနေကျဲတဲ့ ဟွာလီယန်ခရိုင်မှာ ငလျင်ဗဟိုချက် မြေအောက် ၆.၈ ကီလိုမီတာမှာရှိခဲ့တယ်လို့ မိုးလေဝသဌာနကပြောပါတယ်။

ထိုင်ဝမ်ကျွန်းတစ်ခုလုံးမှာ ငလျင်ကို ခံစားလိုက်ရတယ်လို့လည်း ပြောပါတယ်။

ထိုင်ဝမ်ဟာ ငလျင်ပြတ်ရွေ့ကြော ၂ ခုဆုံတဲ့နေရာနားမှာရှိနေပြီး ငလျင်ဒဏ်မကြာခဏခံရတဲ့နေရာပါ။

၂၀၁၆ ခုနှစ်တုန်းက ထိုင်ဝမ်တောင်ပိုင်းမှာ ငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၁၉၉၉ ခုနှစ်တုန်းကလည်း ပြင်းအား ၇.၃ မဂ္ဂနီကျူ့ရှိတဲ့ငလျင်ကြောင့် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Source – Reuters

#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ထိုင်ဝမ် #ငလျင်