ဒီနေ့ကစပြီး တရုတ်ပြည်နယ်ကတင်ပို့ကုန်တွေကို အမေရိကန်ပိတ်ပင်

တရုတ်နိုင်ငံ၊ရှင်ကျန်းဒေသကပို့ကုန်တွေကို ဒီနေ့အင်္ဂါနေ့ကစပြီး အမေရိကန်က ပိတ်ပင်လိုက်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအရ ဒေသကတင်ပို့ကုန်တွေကို အတင်းအကြပ်အလုပ်ခိုင်းတာတာမဟုတ်ဘူးလို့ လုပ်ငန်းတွေက သက်သေပြရမှာပါ။

မွတ်ဆလင်အများစုဖြစ်တဲ့ဒေသခံ ဝီဂါမျိုးနွယ်စုတွေကိုထိန်းသိမ်းပြီး အလုပ်လုပ်ခိုင်းနေတယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။

ရှင်ကျန်းမှာ ဝီဂါအလုပ်သင်စခန်းတွေဖွင့်လှစ်ထားတယ်ဆိုတဲ့စွပ်စွဲချက်တွေကို တရုတ်ဘက်က ထပ်ကာထပ်ကာငြင်းဆိုထားပါတယ်။

ဝါနဲ့ ခရမ်းချဉ်သီးလိုမျိုး သဘာဝရင်းမြစ်ကြွယ်ဝတဲ့ဒေသကတင်ပို့ကုန်တွေကို အမေရိကန်က အရင်ကတည်းက ပိတ်ပင်ထားပါတယ်။

ဝီဂါအတင်းအကြပ်အလုပ်စေခိုင်းခံရမှုကာကွယ်ရေးဥပဒေနဲ့ အမေရိကန်က တင်ပို့ကုန်အားလုံးကို ပိတ်ပင်တာဖြစ်ပါတယ်။

Source – BBC

#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #အမေရိကန် #တရုတ်