ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရတာဟာ ARSA လက်ချက်ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက ပညာရေးဝန်ထမ်း (၂) ဦးကို ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ARSA အဖွဲ့က ဖြစ်တယ်လို့ AAရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့ တွစ်တာစာမျက်နှာကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၆) ရက်နေ့ကစပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်း လနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ပြန်ပေးဆွဲခံရမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကျောင်းဆရာ၊ ဆရာမနှစ်ဦးကို ARSA က ပြန်ပေးဆွဲခြင်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ မွတ်ဆလင်ဒုက္ခသည်များအတွက်သာမက ရခိုင်ပြည်အတွင်းရှိ မတူညီသော လူမှုအသိုင်းအဝိုင်းကြား ယုံကြည်မှုနဲ့ လူမှုစည်းလုံးညီညွတ်မှုကို လျော့ပါးစေဖို့အတွက် ကျွန်တော်တို့ရဲ့ တရားမျှတသောအားထုတ်မှုများကို ထိခိုက်စေနိုင်တယ် ” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားပါတယ်။

#thenationvoicemyanmar

#ရခိုင်ပြည်နယ် #မောင်တော #ပညာရေးဝန်ထမ်း #ပြန်ပေးဆွဲခံရ