စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မရိုးတုန်းမြောက်ရွာက စကစလက်အောက်ခံ ပျူစောထီးခေါင်းဆောင်မျိုးတင့်အိမ်ကို Aung San Generation Monywa အဖွဲ့ကဒိီနေ့နေ့လယ်က၀င်ပြီးစီးနင်းခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
နေ့လယ်၁၂နာရီ၃၀မှာ ASGM ကတပ်စိပ်တစ်စိတ်စာလူအင်အားသုံးကာ ခွံထိုး(၄)လက်၊လက်ပစ်ဗုံးတစ်လုံးနဲ့အတူစီးနင်းပြီးဖမ်းဆီးဖို့လုပ်ချိန်မှာ မျိုးတင့်ဟာလက်နက်တွေနဲ့အတူထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။
အ်ိမ်ကိုနာရီ၀က်လောက်စစ်ဆေးရှာဖွေပြီး သူ့အိမ်မှာရှိတဲ့ ခါးပတ်(၆)ခုနဲ့မှန်ဘီလူးတစ်ခုကို သိမ်းဆည်းကာ ၁နာရီမှာပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။
ASGM အနေနဲ့ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဘယ်အဖွဲ့မဆို ဆက်လက်တုန့်ပြန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
#thenationvoicemyanmar #ASGM #မုံရွာ #စစ်ကိုင်