မင်းကင်း PDF တပ်ရင်း-၂ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မင်းကင်းPDF တပ်ရင်း-၂ ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ (၁၄) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့Minkin People’s Defense Force-MKPDF-2 က မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီသင်တန်းဆင်းပွဲမှာ ဒေသခံပြည်သူအများအပြားလည်း လာရောက်ဂုဏ်ပြုအားပေးကြပြီး ကာကွယ်ရေး၀န်ကြီး ဦးရည်မွန် ပေးပို့တဲ့သ၀ဏ်လွှာကို မင်းကင်းPDFရဲ့ ဒုတပ်ရင်းမှူးက ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

MKPDF-2 ဟာ ဇွန်လ (၉) ရက်နေ့တုန်းကလည်း ကလေးမြို့ကနေ မင်းကင်းကိုလာတဲ့ အင်အား(၁၀၀)ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၄) ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

#thenationvoicemyanmar
#မင်းကင်း #အခြေခံစစ်သင်တန်း