စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကသာခရိုင်တပ်ရင်း(၂)အင်းတော်ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ သုံးရက်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ Indaw Revolution က ဖော်ပြပါတယ်။
အင်းတော်မြို့နယ် အောင်းကုန်းရွာနဲ့ မော်တိတ်ဒေသအနီး တစ်ဝိုက်မှာ ဇွန်လ ၁၈ရက်ကနေ ၂၀ရက် အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဇွန်လ ၁၈ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်က(၂၀) ဦးခန့် သေဆုံးနိုင်ပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကာကွယ်ရေးပူးပေါင်းတပ်က ထိခိုက်မှုမရှိပေမယ့် အနီးအနားရွာက တောထဲရောက်နေတဲ့ ကလေး(၄)ဦးနဲ့ လူဦး(၁)ဦး လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၀ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်က (၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့သလို လက်နက်ကြီး ထိမှန်တာကြောင့် ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်တွေကို အင်းတော်ရဲစခန်းထဲမှာ ကုသမှုပေးနေကြောင်း သတင်းရရှိထားတယ်လို့လည်း Indaw Revolution က ဖော်ပြထားပါတယ်။
#thenationvoicemyanmar
#အင်းတော် #စစ်ကိုင်း #တိုက်ပွဲ