ပြည်ခရိုင်၊၀က်ထီးကန်မြို့က အ.ထ.က ကျောင်းမှာ စစ်သားတွေကကျောင်းသူတွေက်ိုပန်းပေးပြီးထိကပါးရိကပါးလုပ်နေတာကို ကျောင်းကဆရာမက အဲ့ဒီကျောင်းသူတွေကိုဆူပူပြီး သတင်းမပြန့်အောင်ဖုံးဖိထားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
စကစစစ်သားတွေဟာ အဲ့ဒီ၀က်ထီးကန် အ.ထ.ကကျောင်းမှာတပ်စွဲထားပြီး ကျောင်းရှေ့လမ်းမတွေမှာအစစ်ဆေးတွေလုပ်နေတာလို့ဆိုပါတယ်။
အရင်ရက်ကလည်းအဲ့ဒ်ီကျောင်းမှာ ပထမတန်း ကလေးတွေဆော့နေတာကို ဆူတယ်ဆိုပြီး စကစတပ်သားတွေက ကလေးတွေကို မာန်ဟောက်ခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
၀က်ထီးကန်မြို့မှာ လွန်ခဲ့တဲ့၂၀၂၂ဇန်န၀ါရီ၃၁ရက်က အဲ့ဒီကျောင်း၀န်းထဲမှာရှိတဲ့ ရဲကင်းဘန်ကာအတွင်းဗုံးပေါက်လို့ ရဲတပ်ကြပ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။
#thenationvoicemyanmar #ဝက်ထီးကန် #ပြည် #အထက်တန်းကျောင်း