ABSDF ကျောင်းသားတပ်မတော်ရဲ့ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားများတပ်ဦး(ABSDF) ကျောင်းသားတပ်မတော်ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၂)သင်တန်းဆင်းပွဲကို ဒီကနေ့ ဇွန်လ (၂၁) ရက်မှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

အခြေခံစစ်ပညာသင်တန်း ၂/၂၂ ကို မကွေးတိုင်းထဲက ယောဒေသမှာ ကျင်းပခဲ့တာလို့ ဖော်ပြပါတယ်။

အဲဒီစစ်သင်တန်းဆင်းပွဲကို ABSDF ခေါင်းဆောင်တွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့မိသားစုဝင်တွေ၊ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ပါတယ်လို့ သိရပါတယ်။ 

#thenationvoicemyanmar 
#ABSDF #ဒီမိုကရက်တစ်ကျောင်းသားများတပ်ဦး #အခြေခံစစ်ပညာသင်တန်း