ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီး တီဘန်နဲ့ မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ဟာ အာဆီယံအရေးကိစ္စတွေကိုဆွေးနွေးဖို့ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
၁၆ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ မြထွန်းဦး ကမ္ဘောဒီးယားရောက်ရှိနေချိန် ဇွန် ၂၁ရက်ညပိုင်းက တွေ့ဆုံခဲ့တာပါ။
ဇွန် ၂၁ ရက်နဲ့ ၂၂ ရက် ၂ ရက်ကြာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ဘန်က သဘာပတိအဖြစ်တာဝန်ယူခဲ့ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကာကွယ်ရေးဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့်ပြုလို့ ကန့်ကွက်မှုတွေရှိနေချိန်မှာ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။
တခြားအာဆီယံ(၈)နိုင်ငံက အတည်ပြုလို့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်ကိုတက်ရောက်ခွင့်ပြုတာလို့ ကမ္ဘောဒီးယားနိုင်ငံဘက်က ပြောထားပါတယ်။
ဆွေးနွေးမှုအသေးစိတ်တွေကို အာဏာသိမ်းစစ်တပ်ဘက်ကရော၊ ကမ္ဘောဒီးယားနိုင်ငံဘက်ကပါ တစုံတရာထုတ်ပြောတာမျိုးမရှိသေးပါဘူး။
Source – Khmer Times
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #အာဆီယံ #ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး #ကမ္ဘောဒီးယား