ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အူခူးရီကျေးရွာမှာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့ မိုင်းတွေကို ကရင်နီတပ်မတော် KA နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့က မနေ့ကရှင်းလင်းခဲ့တယ်လို့ K.N.D.F B-05 က ထုတ်ပြန်ပါတယ်။

ကျေးရွာထဲမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ လက်လုပ်မိုင်းအမျိုးအစား (၁၈) လုံးကို နေအိမ်တွေ၊ ရေတွင်းနဲ့ ကျေးရွာလမ်းအနီးတွေမှာ ပူးပေါင်းတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

#thenationvoicemyanmar
#ကရင်နီ #ဒီးမော့ဆို #လက်လုပ်မိုင်း