ကသာမြို့နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မှ (၁၅၀)ခန့်သေတယ်လို့ ကသ(ပကဖ)ဆို

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ယခုရက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်မှ (၁၅၀)လောက် သေဆုံးခဲ့တယ်လို့ ကသ (ပကဖ)က ဒီကနေ့ ဇွန်လ (၂၂) ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေကတော့ ဇွန်လ (၁၁) ရက်ကနေ (၂၁) ရက်နေ့အထိ (၁၁) ရက်တာကာလအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ကသာ(ပကဖ)နဲ့ EROs တွေ၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တာ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှုတွေထဲမှာ ဇွန်လ (၁၁) ရက် လောင်းတော်ဦးတိုက်ပွဲမှာ (၃၀)ကျော်၊ ဇွန်လ (၁၇) ရက် ကားကြီးကွင်းအနီးတိုက်ပွဲမှာ (၂၀)၊ ခြောက်မျက်နှာတိုက်ပွဲမှာ (၂၀)၊ ဇွန်လ (၁၈) ရက် အလယ်ကျွန်းရွာနားတိုက်ပွဲမှာ (၆၀)နဲ့ ဇွန်လ (၂၁) ရက် ငါးအိုးတိုက်ပွဲမှ (၁၅)ဦး အသီးသီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ် အင်အား (၄၀၀) ကျော်ဟာ ကသာမြို့ပေါ်မှာ အထိုင်ချပြီး မြို့အရှေ့နဲ့ အနောက်ကို ထိုးစစ်တင်နေပြီး ငါးအိုး(၁၂၁)တပ်က အင်အား (၂၀၀) လောက်က ရွှေလီမြစ်ရိုးဒေသ၊ ထီးချိုင့်နာ်စပ်တို့မှာ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသတော်လှန်ရေးတပ်တွေအနေနဲ့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ကြဖို့နဲ့ လိုအပ်တဲ့အကူအညီကို ကသာ(ပကဖ)ထံတောင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။ 

#thenationvoicemyanmar 
#ကသာ